ထိုင်းမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားလမ်းဥမင် ပြိုကျ၊ လူ ၃ဦး ပိတ်မိနေ

0
102

ထိုင်းနိုင်ငံ Pak Chong ခရိုင်ရှိ ဆောက်လုပ်ဆဲ မြေအောက် အမြန်ရထားလမ်း ဥမင်သည် မ နေ့ကညပိုင်း ၌ ပြိုကျသွား၍ အတွင်း၌ ပိတ်မိသွားသည့် လူသုံးဦး(မြန်မာ တစ်ဦး၊ တရုတ်နှစ်ဦး) ထံ ကယ်ဆယ်ရေးလုပ်သားများ ရောက်ရှိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

စနေနေ့ည ၁၁း၃၀ နာရီခန့်က ဥမင်ပြိုကျခဲ့ခြင်းဖြစ်ပြီး ဥမင်အတွင်း၌ ဘက်ဟိုးတစ်စီး နှင့် ထရပ်ကားတစ်စီးဖြင့် အလုပ်သမားနှစ်ဦး အလုပ် လုပ်နေခဲ့ သည်ဟု သိရသည်။ ထို့အပြင် ကားတစ်စီးဖြင့်ရောက်လာသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်ေသာ အလုပ်သမားခေါင်းသည်လည်း ဥမင်အတွင်း ပိတ်မိသွားခဲ့သည်ဟုဆိုသည်။ ဥမင်ပြိုကျခဲ့ချိန်က မိုးရွာသွန်းနေခြင်း မရှိဟု ဆိုသည်။

ပြိုကျခဲ့သောနေရာသည် ဥမင်၏ ဝင်ပေါက်နှင့် ၄ ကီလိုမီတာခန့် အကွာတွင်တည်ရှိပြီး ကယ်ဆယ်ရေးလုပ်သားများက တွင်းတူးစက်များသုံးကာ ပြိုကျသွားသည့်နေရာသို့ ရောက်ရှိရေး ကြိုးပမ်းနေကြသည်။

တရုတ်-ထိုင်း အမြန်ရထားလမ်း၏ ဘန်ကောက်နှင့် နခွန်ရတ်ချ်စီမာကြား အပိုင်းကို ထိုင်းအစိုးရက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ပြီးမြောက်ရန် မျှော်မှန်းထားသည်။

နောက်ပိုင်းတွင် တာဝန်ရှိသူများ၏ အတည်ပြုချက်အရ ဥမင်ပြိုကျခဲ့မှုအတွင်း ပိတ်မိနေခဲ့သူသုံးဦးအနက် နှစ်ဦးမှာ တရုတ်လူမျိုးများဖြစ်ကြပြီး တစ်ဦးက အလုပ်သမားခေါင်းဖြစ်ကာ နောက်တစ်ဦးက ဘက်ဟိုးမောင်းသူဟု သိရသည်။ ကျန်တစ်ဦးသည် မြန်မာလူမျိုး ထရပ်ကားမောင်းသူဖြစ်သည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here