ပလက်ဝတွင် လေးမြို့မြစ်ရေမြစ်တက်မှုကြောင့် ကျေးရွာ (၁၃)ရွာခန့် ရေနစ်မြှပ်ကာ ဒေသခံ (၁,၀၀၀)နီးပါး ရေဘေးလွတ်ရာတိမ်းရှောင်နေရဆဲဟု ဆို

0
75

ချင်းပြည်နယ်၊ ပလက်ဝမြို့ ၊ လေးမြို့မြစ်ရေမြစ်တက်လာမှုကြောင့် ကျေးရွာ(၁၃)ရွာခန့်ရေနစ်မြှပ်လျက်ရှိပြီး ဒေသခံ (၁,၀၀၀)နီးပါး ယနေ့အချိန်အထိ ရေဘေးလွတ်ရာတိမ်းရှော င်နေရကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်(၂၉)ရက်က စတင်၍ အဆက်မပြတ်မိုးရွာသွန်းခဲ့ခြ င်းကြောင့် လေးမြို့မြစ်ရေမှာ ယမန်နေ့ ဩဂုတ် (၂၄)ရက်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်က မ်းနဘေးရှိကျေးရွာများရေနစ်မြှပ်ခဲ့ရခြင်း ဖြစ်သည်။

ရေနစ်မြှပ်ခဲ့သည့် ကျေးရွာ (၁၃) ရွာမှာ ပန်းဘွေ၊ ဗုဒ္ဓဂါမ၊ ဝ န်ချောင်း၊ မောင်၊ အလယ်ဒိန်ကင်း၊ နန်းမနူး၊ ကိုဖေကြီး၊ ကိုဖေရှေ၊ အောက်သံထောင်၊ သံထောင်ရွာ၊ စုတ်ချောင်း၊ ဂါရာပြင်နှင့် ကြက်ဖတောင်စသည့် ကျေးရွာများ အပါဝင်ကြော င်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“မြစ်ရေက ဒီနေ့အထိ မြင့်တက်နေတုန်းပါ။ ဟုတ်တယ် ရွာ (၁၃)ရွာလောက်ရှိမယ်။ မြစ်ကမ်းဘေး တည်ထားတဲ့ရွာတွေပေါ့။ အိမ်ဘယ်လောက်နစ်လဲဆိုတာတော့ အတိအကျမသိရသေးဘူးဗျ။ လူနေအိမ်တွေ တော်တော်လေး မြှပ်တယ်။ လောလောဆယ်တော့ အတွင်းပိုင်း ရေလွတ်နေရာတွေမှာ သွားနေ နေရတာ။ အဓိက ကတော့ စားသောက်ရေးပေါ့”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ရေနစ်မြှပ်မှုအတွင်း လူ‌ေ-သဆုံးမှုရှိ/မရှိဆိုသည်ကို မသိရှိရသေးဘဲ အိမ်မွေးတိရိစ္ဆာန်အချို့‌ေ-သဆုံးမှုရှိ‌သည်ဟု ဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်အစပ် ပလက်ဝမြို့တွင်ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားခြင်းမျိုးများရှိနေသည့်အ တွက် အကူအညီများ မရောက်ရှိသေးဘဲ အမိုးအကာ ၊ စားသောက်ရေးနှင့် ဆေးဝါးအချို့လိုအပ်နေကြောင်းလည်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here