(၁၀)ဂိုး နီးပါးအထိ သွင်းယူကစားနိုင်ခဲ့သည့် AYA Pay Futsal Championship 2024 ပွဲစဉ်ရလဒ်များ ထွက်ပေါ်

0
353

AYA Pay Futsal Championship 2024 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ယမန်နေ့ ဩဂုတ်(၂၄)ရက် နံနက်ပိုင်းက စတင်ယှဉ်ပြိုင်ကစားကြရာ၊ (၁၀)ဂိုး နီးပါးအထိ သွင်းယူကစားနိုင်ခဲ့သည့် အသင်းနှစ်သင်း ထွက်ပေါ်ခဲ့သည်။

အဆိုပါ အသင်းနှစ်သင်းမှာ Futsal19 FC နှင့် နှင့် Winner Soccer အသင်းတို့ဖြစ်ပြီး၊ ယမန်နေ့က ကစားခဲ့သည့်ပွဲစဉ်အတွင်း Futsal 19 FC က Let Wel Youth အသင်းအား (၉) ဂိုး(၂)ဂိုးဖြင့် ဂိုးကွာခြားဖြင့် အနိုင်ရရှိခဲ့သလို Winner Soccer အသင်းက Yankin Brotherhood အသင်းကို (၉) ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယ‌မန်နေ့က ပွဲစဉ် (၆)ပွဲ ကစားခဲ့ကြပြီး ၊ အုပ်စုအဆင့် ပွဲစဉ်များကို ဩဂုတ် (၂၄)ရက်မှ စက်တင်ဘာ (၁၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အသင်းပေါင်း (၃၂) သင်းအား အုပ်စု (၈)စု ခွဲ၍ ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် လိဂ် (၁) ကလပ်အသင်း (၉)သင်း၊ လိဂ် (၂) ကလပ်အသင်း (၉) သင်း၊ မန္တလာလိဂ်မှ ကလပ်အသင်း (၂)သင်း၊ ၂၀၂၄ အ ပျော်တမ်းပြိုင်ပွဲမှ ကလပ် အသင်း (၁၂ )သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံရှိသော အသင်းမှာ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုရရှိသည့် အသင်းအတွက် ဆုကြေးငွေ ကျပ် (၇ ၅) သိန်း၊ ဒုတိယဆု(Runner-up) ကျပ်သိန်း(၅၀)၊ တတိယဆု (Third Place) ကျပ်(၂၅)သိန်း၊ စတုတ္ထဆု (Fourth Plac e) ကျပ်(၁၅) သိန်း၊ MVP Award ကျပ်(၁၅)သိန်း၊ အကော င်းဆုံးကစား သမားဆု ကျပ်(၃) သိန်းနှင့် အသန့်ရှင်းဆုံးက စားသမားဆု ကျပ်(၃) သိန်း အသီး သီးချီးမြှင့်သွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here