ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းများလဲလှယ်

0
208

ကိဗ်၊ဩဂုတ် ၂၅

ယူကရိန်းဘက်မှ ရုရှားရှိ ကာ့စ်ဒေသသို့ ရုတ်တရက်ဝင်‌ရောက်ထိုးစစ်ဆင်ပြီးနှစ်ပတ်အကြာ၌ ရုရှားနှင့်ယူကရိန်းတို့ သုံ့ပန်း ၁၁၅ ယောက် လဲလှယ်မှုပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုလဲလှယ်မှုသည် ရုရှားရှိကာ့စ်‌ဒေသသို့ ယူကရိန်းကထိုးစစ်ဆင်နေပြီး ရုရှားဘက်က အရှေ့ယူကရိန်းမြို့များကို ပိုမိုမျက်စိကျလာသောအချိန်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူကရိန်းလွတ်လပ်ရေးနေ့နှင့်လည်းတိုက်ဆိုင်နေခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ယခုလဲလှယ်ရေးသဘောတူညီချက်ရရှိရန် ညှိနှိုင်းပေးခဲ့သည့် အာရပ်စော်ဘွားများ ပြည်ထောင်စုကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေထဲက နောက်ထပ် ၁၁၅ ဦး ဒီနေ့ အိမ်ကိုပြန်ရောက်ပါပြီ။သူတို့‌တွေထဲမှာနိုင်ငံအစောင့်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့၊ ရေတပ်၊ပြည်နယ်နယ်ခြားစောင့်တပ်တွေ ပါဝင်ပါတယ်” ဟုလည်း ယူကရိန်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ယူကရိန်းဘက်မှ ဩဂုတ်လ ၆ ရက်ကစတင်ခဲ့သော ကာ့စ်ဒေသထိုးစစ်ပြုလုပ်မှုတွင် ရုရှားစစ်သား ရာပေါင်းများစွာ ဖမ်းဆီးခံထားခဲ့ရကြောင်းလည်း ကိဗ်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here