EPS – TOPIK စာမေးပွဲအောင်မြင်ကာ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိနေသူများ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လျှောက်ထားနိုင်

0
291

Employment Permit System EPS စနစ်ဖြင့် ၂၀၂၂ ခုနှစ် EPS-TOPIK စာမေးပွဲ (စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း) ဖြေဆိုအောင်မြင်၍ အလုပ်လျှောက်လွှာသက်တမ်းကျန်ရှိပြီး အလုပ်ရှင်နှင့် မိတ်ဆက်မခံရသေးသူများ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်း POEA – EPS မှ အသိပေး ကြေညာထားသည်။

အထက်ပါ အသိပေးကြေညာချက်နှင့်အတူ HRD- Korea မှ ပေးပို့လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရရှိသူ ၁၃၆၆ ဦး၏ အမည်စာရင်းနှင့် စာမေးပွဲခုံ အမှတ်ကိုလည်း ပူးတွဲကြေညာထားသည်။

ထို့ကြောင့် လုပ်ငန်းပြောင်းရွှေ့လျှောက်ထားလိုသူများ သည် ဩဂုတ် (၂၇) ရက် နံနက် (၉) နာရီမှ မွန်းလွဲ (၃)နာရီအတွင်း POEA ရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး ရုံးသို့ လာရောက်လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ် (မူရင်းနှင့်မိတ္တူ) စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ် တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့ခြင်းသည် အလုပ်အကိုင်ရရှိမည်ဟု အာမမခံပါကြောင်းနှင့် EPSစနစ်အရ အလုပ်ရှင်စိတ်ကြိုက်ရွေးချယ်ခြင်းသာဖြစ်ကြောင်းနှင့် သစ်တောလုပ်ငန်း အတွက် တန်းစီဇယားလုံလောက်ပါက မူလလုပ်ငန်း ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုကြောင်းလည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA – EPS) မှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here