ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အနည်းငယ် မြင့်တက်

0
95

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထပ်မံသတ်မှတ်လိုက်သည့် ဓာတ်မြေဩဇာ ရည်ညွှန်းဈေးများအပြောင်းအလဲရှိပြီး အနည်းငယ် မြင့်လာကြောင်း ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရသည်။

ကော်မတီအနေဖြင့် တောင်သူများ အဓိက သုံးစွဲနေသည့် မြေဩဇာ အမျိုးအစား (၃) မျိုးကို ရည်ညွှန်းဈေး သတ်မှတ်ထုတ်ပြန်ပေးထားခြင်းဖြစ်ပြီး ဩဂုတ် (၁၆) ရက်မှ စက်တင်ဘာ (၁၅) ရက်အထိ အဆိုပါ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးရမည်ဖြစ်ကြောင်း သိရသည်။

ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတအိတ်လျှင် (၈၃,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်လျှင် (၁၁၅,၀၀၀)ကျပ် နှင့် Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်လျှ င် (၁၂၈,၀၀၀) ကျပ် သတ်မှတ်ထားသည်။

ယခင်ဈေးနှုန်းထက် ယူရီးယားမြေဩဇာ တစ်အိတ်လျှင် ကျပ် (၁၀,၀၀၀) ဝန်းကျင် မြင့်လာပြီး၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ် (၆,၀၀၀) ကျပ်နှုန်းထား မြင့်လာခြင်းဖြစ်သည်။

ယင်းဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်း‌များသာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်အပေါ် မူတည်ပြီး ဒေသအလိုက် ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိနိုင်ကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုး‌စေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားသည်။

ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းရန် လျာထားပြီး ၂၀၂၄ ဘဏ္ဍာနှစ် အစမှ ဇူလိုင် (၂၂) ရက် အထိ ဓာတ်မြေဩဇာ တန်ချိန် ၄ ဒသမ ၃၄ သိန်း တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here