ရာဇာမင်း ကားလိုင်းမှ EV ကားများဖြင့် စတင်ပြေးဆွဲမည်

0
118

ရာဇာမင်းခရီးသွားကုမ္ပဏီမှ တင်သွင်းထားသော YUTONG အမျိုးအစား EV ကားများဖြင့် ရန်ကုန် – မန္တလေး၊ ရန်ကုန် – နေပြည်တော်ခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

တင်သွင်းထားသော EV ကားများသည် YUTONG T13E Model EV လျှပ်စစ် ကားသစ်ကြီးများဖြစ်ကာ တရုတ်နိုင်ငံ၏ ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်းလည်း ရာဇာမင်းကုမ္ပဏီမှ အသိပေးသည်။

ခရီးစဉ်များကို စက်တင်ဘာလအကုန်တွင် စတင်ပြီးပြေးဆွဲမည်ဖြစ်ပြီး စီးနှင်းသူ ခရီးသည်များကို ပိုမို၍သက်သောင့် သက်သာရှိစေရန်နှင့် Eco Friendly ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးရန် ရည်ရွယ်သည်ဟု ဆိုသည်။

လက်ရှိတွင် မန္တလာမင်း ခရီးသည်ယာဉ်လိုင်းမှလည်း ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်ကို လျှပ်စစ်ကား (EV EXPRESS) ဖြင့် ပြေးဆွဲပေးနေသည်။

EV လျှပ်စစ်ယာဉ်များကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်းတံတားအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတား အသုံးပြုခကို ၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီး အသုံးပြုခကောက်ခံခြင်းမပြုထားကြောင်း သိရသည်။

ယင်းအပြင် အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here