အင်ဒိုနီးရှားမြောက်ပိုင်း မာလူကူ၌ ရေကြီး၍ လူ ၁၃ ဦး‌ေ-သဆုံး

0
172

ဂျကာတာ၊ဩဂုတ် ၂၅

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း မာလူကူပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ၁၃ ဦး‌ေ-သဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဩဂုတ် ၂၅ ရက်နေ့ကပြောကြားခဲ့သည်။

စနေနေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသဖြင့် တာနိတ်မြို့၌ အိမ် ၁၀ လုံး ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (BNPB) ကပြောကြားခဲ့သည်။

လာမည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟူသောခန့်မှန်းချက်များကြောင့်လည်း BNPB က ဒေသခံများကို သတိထားရန် ေပြာကြားထားသည်။

“ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲရေကြီးမှုတွေအတွက် ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြားရှိနေဖို့နဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ကျွန်တော်တို့ က တိုက်တွန်းပါတယ်” ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်း ထုတ်ပြန်ချက် တစ်ခု တွင် ဖော်ပြထားသည်။

BNPB အနေဖြင့်လည်း ဒုက္ခသည်များကို ကယ်ဆယ်ရာ၌ ကူညီရန်အဖွဲ့တစ်ဖွဲ့ ကိုချထား‌ေပးကြောင်း၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများအပါအဝင်အပျက်အစီးဒဏ်များအားရိုက်ခတ်ခံခဲ့ရသော ဒုက္ခသည်များအားကယ်ဆယ်ရန် ကြိုးပမ်းမှုများ ကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်တွင်လည်း ပြီးခဲ့သည့်မေလက ရုတ်တရက် ရေကြီးကာ ရွှံ့မြေပြိုမှုများကြောင့် လူ ၆၀ ကျော်‌ေ-သဆုံးခဲ့သေးသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here