ပြည်တွင်း၌ မျောက်ကျောက်ရောဂါအတည်ပြုလူနာ တွေ့ရှိပါက တရားဝင်ထုတ်ပြန်ပေးမည်ဟု MOHS ပြော

0
155

မြန်မာနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ တွေ့ရှိပါက တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းဌာနမှတဆင့်အသိပေး ထုတ်ပြန်ထားသည်။

ရန်ကုန်တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေ့ကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖော်ပြနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ယခုကဲ့သို့အသိပေး ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါအတည်ပြုလူနာတွေ့ရှိပါက တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးက ပြောကြထားသည်။

မျောက်ကျောက်ရောဂါကို ရန်ကုန်တိုင်း၌ ဩဂုတ်လ (၂၃) ရက်ကစပြီး တွေ့ရပါပြီဟု တိုင်းကျန်းမာရေးဌာနက သတင်းရသည်ဟုဆိုကာ ဓာတ်ပုံတစ်ပုံနှင့်အတူ ယခုရက်ပိုင်း Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဩဂုတ်လ (၂၃) ရက်‌တွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ရန်ကုန်နှင့် မန္တလေးရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ Mpox မျောက်ကျောက်ရောဂါ ကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှု့သည့် လုပ်ငန်းများဆောင်ရွက်နေကြောင်းဖော်ပြထားသော်လည်း မျောက်ကျောက်ရောဂါ စတွေ့သည်ဟုသြဂုတ်လ (၂၆)ရက် မနက်ပိုင်းအထိ တရားဝင် ကြေညာထားခြင်းမျိုးမရှိသေးပေ။

မျောက်ကျောက်ရောဂါကို မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင်စတင်တွေ့ရှိရပြီဖြစ်သည့်အတွက် ဂရုစိုက်နေထိုင်ရန်လိုအပ်ပြီး အွန်လိုင်းပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြရန်နှင့် သတိပြုရန်လိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here