Sunday, January 19, 2025

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ်...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယမန်နေ့...

အမေရိကတွင် TikTok ဝန်ဆောင်မှု ကွယ်ပျောက်တော့မည်

တရုတ်ပိုင်ဆိုင်သည့် အက်ပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သည်ဆိုကာ အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ရမည်ဖြစ်သောကြောင့် သန်း ၁၇၀ သော အမေရိကန်အသုံးပြုသူများအတွက် တနင်္ဂနွေနေ့မှစကာ ၎င်းတို့ဝန်ဆောင်မှု...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံ‌ရေးအကျိုးခံစားခွင့်...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း(၂၀) ကျော်အား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူထုအခြေပြုစုပေါင်းခန်းမ၌ ပေးအပ်ခဲ့သည်။ အလုပ်သမားဝန်ကြီးဌာန...

ရန်ကုန်နှင့် နန်နင်းမြို့တို့အကြား၂၀၂၅ -၂၀၂၆ ခုနှစ်...

ရန်ကုန်မြို့နှင့် တရုတ်ပြည် နန်နင်းမြို့တို့အကြား ၂၀၂၅ - ၂၀၂၆ ခုနှစ် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်း ဒုတိယ...
HomeNewsLocal Newsဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့်...

ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့် တောင်သူများကို မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန် (၂၃) ရက်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီးနစ် မြုပ်ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက်မျိုး စပါးနှင့် သွင်းအားစုများကို နည်းလမ်းအသွယ်သွယ်ဖြင့်အချိန်မီကုစားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိ ခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီကုစားဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါး၊ သွင်းအားစုများကို ဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များ၊ သွင်းအားစုကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ ဖိတ်ခေါ် ၍ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီ ကုစားစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး အတွက်အားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားရန်ပြောခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လူနေ နှစ်ထပ် တိုက်အိမ် တစ်လုံး၌ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၈) ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြရာ ည (၈)နာရီ (၅၅)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍...

အမေရိကတွင် TikTok ဝန်ဆောင်မှု ကွယ်ပျောက်တော့မည်

တရုတ်ပိုင်ဆိုင်သည့် အက်ပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သည်ဆိုကာ အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ရမည်ဖြစ်သောကြောင့် သန်း ၁၇၀ သော အမေရိကန်အသုံးပြုသူများအတွက် တနင်္ဂနွေနေ့မှစကာ ၎င်းတို့ဝန်ဆောင်မှု ကွယ်ပျောက်ရတော့မည်ဟု TikTok က သောကြာနေ့တွင် ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် TikTok ဝန်ဆောင်မှုများကိုပေးခြင်းအတွက် အက်ပဲလ်၊ ဂူးဂဲလ်နှင့် အခြားကုမ္ပဏီများကိုမူ အပြစ်ပေးမည်မဟုတ်သော ဘိုင်ဒင်အစိုးရသည် အက်ပ်ကို အာမခံချက်မပေးပါက စိတ်မကောင်းစွာဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ကွယ်ပျောက်လိုက်ရတော့မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ပြောဆိုခဲ့သည်။ TikTok အနေဖြင့် ဥပဒေကြောင်းအရ လွတ်ငြိမ်းသက်သာခွင့်ရှာကာ အစိုးရအဖွဲ့ကို...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံ‌ရေးအကျိုးခံစားခွင့် ငွေကျပ်သန်း(၂၀)ကျော်ပေးအပ်

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း(၂၀) ကျော်အား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူထုအခြေပြုစုပေါင်းခန်းမ၌ ပေးအပ်ခဲ့သည်။ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်၍ ရေဘေးသင့်အာမခံအလုပ်သ မားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစား ခွင့်နှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်များကို ပေးအပ်ခဲ့သည်။ ဒု-ဝန်ကြီးဦးဝင်းရှိန်မှ ရာဂီ မုန်တိုင်းဒဏ်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများပျက် စီးဆုံးရှုံးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရ၍ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာက ဏ္ဍမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071