၆လအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်‌ေ-သဆုံးသူ ၇၀၀ နီးပါရှိ

0
314

၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်‌ေ-သဆုံးသူ (၆၉၂) ဦးရှိကြောင်း UNICEF Myanmar က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ မြေမြှပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှု အကြိမ်‌အရေအတွက် (၄၂၀) ရှိခဲ့သည့်အနက် အရပ်သား (၁၀၂) ဦး ‌ေ- သဆုံးကာ (၅၉၀)ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထို အရပ်သားထိခိုက် ‌ေ- သဆုံးမှုများအနက် (၃၂) ရာခိုင်နှုန်းသည် ကလေ-းသူငယ်များဖြစ်သည်ဟု Unicef က ဆို သည်။

‌Unicef Myanmar ၏ အသိပေးထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်လည်း ယခုနှစ် ပထမခြောက်လတာ ကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုအကြိမ်အရေအတွက် (၁၈၀)ကြိမ် ရှိခဲ့ပြီး ထိခိုက်‌ေ-သဆုံးသူ (၃၂၅) ဦးရှိခဲ့သည်ကြောင်း ဖော်ပြပါရှိသည်။

အလားတူ ရှမ်းပြည်နယ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက် ပစ္စည်းများကြောင့် အရပ်သား (၂၀) ‌ေ-သဆုံးပြီး (၁၄၇)ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကိုင်းတိုင်းအတွင်း အရပ်သား (၁၉) ဦး ‌ေ-သဆုံးပြီး (၉၉) ဦး ဒဏ်ရာရရှိခဲ့ကာ ရခိုင်ပြည်နယ်တွင် အရပ်သား (၁၅) ဦး ‌ေ-သဆုံးပြီး (၆၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNICEF က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here