သီပေါမြို့ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
204

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့တွင် ယမန်‌နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်ခန့်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးထံက သိရသည်။

သီပေါမြို့၊ အနောက်ရပ်ရှိ လူနေအိမ်တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသက် (၅၀) နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အရေးပေါ်ကုသမှုပြုလုပ်နေတုန်း ဆုံးသွားပါတယ်။ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ယခု ဩဂုတ်လ (၂၄) ရက်တွင်လည်း သီပေါမြို့၊ ဘုရားကြီးကုန်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ထိမှန်အသက်ဆုံးရှုံးခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် TNLA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး TNLA ဘက်က ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားသည်။

အချို့နေရာများတွင်တော့ပုံမှန်သွားလာနေကြကာ အဆက်အသွယ်ပြတ်နေသူများလည်း အဆက်သွယ်ပြန်ရနေကြပြီး ငွေလွှဲ ကတော့ ၁သိန်းကို ၅၀၀၀ ပေးရသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here