လွိုင်ကော်မြို့ပေါ် အချို့နေရာတွင် လျှပ်စစ်မီးပြန်ရနေပြီ

0
133

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းနေမှုများဆောင်ရွက်နေရာ လက်ရှိတွင် မြို့ပေါ် (၁၂)ရပ်ကွက်၌ လျှပ်စစ်မီးရရှိနေပြီဖြစ် ကြောင်း သ်ိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း လျှပ်စစ်မီးအမြန်ပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ဈေးပိုင်း ၊ ဓမ္မာရုံ ၊ မင်္ဂလာရပ်ကွက် အတွင်း၌ 11 KV ဓာတ်အားလိုင်း(၁၁၀၀)ပေ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှူခဲ့ပြီး (၄၈)နာရီအတွင်း လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်ပေးနေမှုနှင့် ထရန်စဖော်မာ တပ်ဆင်ပေးနေမှုများကို ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

မြို့သန့်ရှင်း သာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသလို နောင်ယား(က) ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ပျက်စီးသွားသောဝန်ထမ်း အိမ်ရာများအား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နေရပ်ပြန်ပြည်သူများ အဆင်ပြေအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရေ ၊ မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်‌ေနကြသလို နှစ်ထပ်ဈေးနှင့် ဗဟိုဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်နေကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here