ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

0
82

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း (၁၁၀)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ရာ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဩဂုတ် (၂၆)ရက်က ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား တာဝန်ရှိအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၈၆)ဦး၊ အမျိုးသမီး(၂၂)ဦးနှင့် က-လေး (၂) ဦးတို့ ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေရပ်ပြန်များအား ပြန်လည်လက်ခံရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မြတ်မင်းထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက နေရပ်ပြန်များအား လိုအပ်သည်များကို ပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကော့သောင်းမြို့၊ နဝရတ် အားကစားခန်းမတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး၍ သက် ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေး၍ ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here