ယူကရိန်းကို ရုရှားက ဒုတိယအကြိမ် ပြင်းထန်စွာ ထပ်မံ တိုက်ခိုက်ပြန်

0
191

ရုရှားသည် ယူကရိန်းသို့ အကြီးမားဆုံးသော လေကြောင်းတိုက်ခိုက်မှုပြုလုပ်အပြီး တစ်ရက်အကြာတွင် နောက်ထပ် တိုက်ခိုက်မှုလှိုင်းတစ်ခု ထပ်မံပြုလုပ်ခဲ့သည်။

ရုရှားလေယာဉ်များက အသံထက်မြန်သည့် ဒုံးကျည်များ ပစ်လွှတ်ခြင်းကို ယူကရိန်း စောင့်ကြည့်သူများက တွေ့ရှိသဖြင့် အင်္ဂါနေ့ အစောပိုင်းတွင် လေကြောင်း စီးနင်းမှု သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဒုံးကျည်များအပြင် မောင်းသူမဲ့ လေယာဉ်များစွာဖြင့် အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ တစ်ခုလုံးသည် ရုရှားတို့က ပဲ့ထိန်းလက်နက်အမျိုးမျိုးဖြင့် တိုက်ခိုက်မည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဟု ယူကရိန်းလေကြောင်း ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

Kyiv၊ Lviv နှင့် Kharkiv နှင့် Odesa ဒေသများအပါအဝင် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ ဓာတ်အားပေးစက်ရုံများနှင့် ဆက်စပ်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန်အတွက် တာဝေးပစ်လေကြောင်းနှင့် ပင်လယ်အခြေစိုက် တိကျသောလက်နက်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏ ထက်ဝက်ကျော်ဒေသများကို ဒရုန်းများနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းကြောင့် လူ ‌ေ‌-သဆုံးမှုများ ရှိကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများ ထိခိုက်မှုကြောင့် မြို့အများအပြားတွင် မီးပြတ်တောက်ခဲ့ပြီး ရေပေးဝေမှုလည်း ထိခိုက်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါ တိုက်ခိုက်မှုအပေါ် ဒေါသထွက်ကြောင်းနှင့် အမေရိကန်က ယူကရိန်း၏ စွမ်းအင်ဆိုင်ရာလိုအပ်ချက်များကို ဆက်လက်ပံ့ပိုးပေးမည်ဟု ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ” အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် ရုရှား၏ သူရဲဘောကြောင်သော ဒုံးကျည်နှင့်ဒရုန်းတိုက်ခိုက်မှု”ဟု ပြောဆို ရှုတ်ချခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here