စားသုံးဆီ အတွက် ဒေသအလိုက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမည်

0
188

လက်ရှိစားသုံးဆီ ကိစ္စများနှင့်ပတ်သက်၍ ဆီလုံလောက်မှု၊စျေးနူန်း၊ပို့ကုန်ရငွေသုံးစွဲမှု၊ ကျန်းမာရေး၊စားသောက်မှုအလေ့အထ စသည့်ရှု့ထောင့်များဖြင့်စဥ်းစားနေကြရသည့်အနေအထားဖြစ်သည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စို က်ပျိုးမည်ဖြစ်ကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောသည်။

ဩဂုတ် (၂၆) ရက်တွင် ပြုလုပ်သည့် ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအတွက် ချေးငွေများ ထောက်ပံ့ပေးလျက်ရှိနေသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၌ နေကြာသီးနှံ ဧကသုံးသန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၌ ဧက ၃၇၅၀၀၀ ကျော်၊ မကွေး တိုင်းဒေသကြီး၌ ဧက ၂၄၂၀၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး၌ ဧက ၁၈၁၀၀၀ ကျော်နှင့် ကချင်ပြည်နယ်၌ ဧက ၁၉၀၀၀ ကျော်စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရန် အလားအလာကောင်းသည့် ဒေသများကို ရွေးချယ်၍ ဆီထွက်သီးနှံ နေကြာအထူးဇုန်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကာ လိုအပ်ချက်အပေါ်မူတည်၍ မြေဆီလွှာအခြေအနေ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း၊ ထည့်သွင်းအသုံးပြုသင့်သည့် ဓာတ်မြေဩဇာအမျိုးအစား၊ အချိုးအဆထောက်ခံချက်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် နေကြာသီးနှံအစေ့ အဆန်ပြည့်ဖြစ်ထွန်းစေရန် ဝတ်မှုန်ကူး အင်းဆက်ပျားမွေးမြူရေးလုပ်ငန်းကို တောင် သူများ တွဲဖက်လုပ်ကိုင်နိုင်ကြစေရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here