ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့အား နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြု

0
154

ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့အား နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံမှ သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများအနေဖြင့် တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ (၁၇) ဖွဲ့ရှိကြောင်း သိရသည်။

ယင်းသို့ လျှောက်ထားသည့် အဖွဲ့များအနက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်းစိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဩဂုတ် (၂၆)ရက်က နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

ထိုသို့ ပါတီတည်ထောင်ခွင့်ရရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လူမှုစီးပွားမြှင့်တင်ရေးပါတီတို့မှာ ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၇) နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိအချိန်အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၁၄) ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here