ရုရှားကိုတိုက်ခိုက်မည့်အစီအစဉ်တို့ကို ယူကရိန်းနှင့် လျှို့ဝှက်ဆွေးနွေးခြင်းများရှိကြောင်း အိမ်ဖြူတော် ဝန်ခံ

0
216

ရုရှားပိုင်နက်တွင်းသို့ အမေရိကန်လုပ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုပမာဏ တိုးမြှင့်ရေး အလားအလာများကို ယူကရိန်းနိုင်ငံနှင့် ဆက်လက်ဆွေးနွေးနေပြီး အဆိုပါဆွေးနွေးမှုများကို လူသိရှင်ကြား ထုတ်ပြန်လိမ့်မည်မဟုတ်ဟု အမေရိကန် အမျိုးသားလုံခြုံရေးဆက်သွယ်ရေးအကြံပေး ဂျွန်ကီယာဘီက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒါဟာ သမ္မတ ရဲ့[ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး] ဆန္ဒအသစ်မဟုတ်ပါဘူး။ အားလုံးသိနေကြပြီးသားဖြစ်တဲ့ သူရဲ့စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ဆီ လျှို့ဝှက်အသိပေးခဲ့တာဖြစ်ပါတယ်။ သူဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့သလိုပဲ၊ ယူကရိန်းနိုင်ငံသားတွေနဲ့ ကျွန်တော်တို့ဟာ ဆွေးနွေးမှုတွေ စကားပြောဆိုမှုတွေ ဆက်လုပ်နေမှာဘဲ၊ ဒါပေမယ့် ကျွန်တော်တို့က အဲဒီဆွေးနွေးမှုတွေကို လျှို့ဝှက်ထားမှာဖြစ်ပါတယ်။ အမေရိကန်လက်နက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့ရဲ့ မူဝါဒတွေကိုတော့ ပြောင်းလဲတာရယ်လို့ မရှိသေးပါဘူး။ ဒီနေ့ သူတို့နဲ့ ဆွေးနွေးဖို့ ဒါမှမဟုတ် လမ်းညွှန်ဖို့ မရှိပါဘူး” ဟု ဂျွန်ကီယာဘီက ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here