ပြည်ပဝယ်လိုအား မြင့်တက်နေသည့် ပဲကြီး မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်း

0
123

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲကြီးကို ပြည်ပမှဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

ယခင်က ကုန်သည်များ ဝယ်ယူမှုနည်းခြင်းကြောင့် ပဲကြီးဈေးကွက် အရောင်းအဝယ်အေးခဲ့သော်လည်း ယခုလက်ရှိတွင် ပဲကြီးကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပကပါ ဝယ် ယူမှုများပြားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပဲကြီးကို ကုန်သည်များက အဝယ်များလျက်ရှိခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ဩဂုတ်လ တတိယပတ်မှစ၍ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မန္တလေးဈေးကွက်ထဲတွင် ပဲကြီးသည် အရောင်းအဝယ်‌ ကောင်းသည့် ပဲအမျိုးအစားထဲ ပါဝင်နေပြီး ရန်ကုန်ဈေးကွက်တွင်လည်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်က ပြောင်းလဲလိုက်သည့်ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်ပပို့ကုန်ပဲများ ဈေးမြင့်တက်လာပြီး ပြည်တွင်း၌စားသုံးသည့် ပဲမာလိုင်းများသည် ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here