ထိုင်းမှာ အရက်ပုန်းသောက်မိ၍ လူ ၂ ဦး‌ေ-သ၊၂၀ ကျော် ဆေးရုံရောက်

0
194

ထိုင်းနိုင်ငံတွင် အရက်ပုန်းပါ မက်သနောအဆိပ်သင့်မှုကြောင့် ‌ေ-သဆုံးသူ နှစ်ဦး အထိ ရှိလာခဲ့ပြီး ဘန်ကောက်မြောက်ပိုင်းရှိ အဆိုပါ အရက် ပုန်းကို ချက်၍ရောင်းချခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အရက်ပုန်းအဆိပ်သင့်မှုကြောင့် ‌ေ-သဆုံးသူ နှစ်ဦးရှိလာကာ ၂၅ ဦး ကိုဆေးရုံတင်ထားရသည်ဟု ဆေးကုသရေး ဌာနက တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မက်သနော အဆိပ်သင့်မှုစဖြစ်ခဲ့ပြီး စနေနေ့တွင် ပထမဆုံး လူ‌ေ-သဆုံးမှုဖြစ်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများသည် တရားမဝင် အရက်‌ေ-သစာများရောင်းချသည်ဟု သံသယရှိသော ဘန်ကောက်မြို့ ခရိုင်လေးခုရှိ အရက် ပုန်းဆိုင် ၁၈ ဆိုင်ကို ပိတ်သိမ်းခဲ့သည်။ ယင်းဆိုင်များတွင် ရောင်းချသည့် အရက်နမူနာများအရ မက်သနောပါဝင်မှုသည် သတ်မှတ်အဆင့်ထက် များစွာကျော်လွန်နေသည်ဟု ကျန်းမာရေးဋ္ဌာနက ပြောဆိုသည်။

တာဝန်ရှိသူများ၏ အဆိုအရ အရက်ဆိုင်ရှင်များသည် Jeh Pu အမည်ရ ေသာအမျိုးသမီးထံမှ ယင်း အရက်များကို ရရှိခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ အမျိုးသမီးကလည်း သူသည် အရက်ချက်လုပ်ကြောင်းနှင့် ပါဝင်ပစ္စည်းများကို ညီအစ်ကိုနှစ်ဦးထံမှ ရရှိကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ညီအစ်ကိုနှစ်ဦးကို ဘန်ကောက်မြို့ Saphan Sung ခရိုင်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် မက်သနောကို ဝယ်ယူကာ ရေနှင့်ရောစပ်၍ အယ်လ်ကိုဟောအဖြစ်သို့ ထုတ်လုပ်ပြီး Jeh Pu ထံ ရောင်းချပေးခဲ့သည်ဟု ညီအစ်ကို နှစ်ဦးစလုံးက ထွက်ဆိုခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here