ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာအဆုံးသတ်ရေးကူညီရန် မိုဒီနှင့်ဘိုင်ဒင်တို့အတည်ပြုခဲ့

0
161

ဝါရှင်တန်၊ဩဂုတ် ၂၇

အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီသည် သြဂုတ်လ ၂၆ ရက်တွင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ပြီး ယူကရိန်းသို့ သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ပြောဆိုခဲ့ပြီး ရုရှား၏ကျူးကျော်မှုအဆုံးသတ်ရေးနှင့်ပတ်သက်၍ ကိဗ်၏အမြင်ကို လက်ခံယုံကြည်ကြောင်းလည်း အိမ်ဖြူတော်ကဆိုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်သည် ပြီးခဲ့သည့်သောကြာနေ့က ယူကရိန်းသို့သွားရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းသမ္မတကို ရုရှားနှင့်ညှိနှိုင်းဆွေးနွေးရန်တိုက်တွန်းကာ စစ်မြေပြင်၌ဖြေရှင်းနိုင်သည့် ပဋိပက္ခဟူ၍မရှိကြောင်း ပြောသည်။

ဘိုင်ဒင်နှင့်တယ်လီဖုန်းဖြင့်စကားပြောရာတွင် မိုဒီက “၎င်းအ‌နေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးကိုသာအားပေးသည့် အိန္ဒိယ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ရေးအတွက် အပြည့်အဝထောက်ခံကြောင်းပြောကြားခဲ့သည်” ဟုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သမ္မတဘိုင်ဒင်ကမူ ၎င်းတို့အနေဖြင့် ယူကရိန်း၏ စစ်ပွဲရပ်တန့်ရေးယူဆချက်ကိုလက်ခံသည့်နိုင်ငံတိုင်းအား ထောက်ခံသည်ဟုပြောကြားခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျွန်ကာဘီကဆိုခဲ့သည်။

မိုဒီနှင့်ဘိုင်ဒင်တို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို အခြေခံ၍ နိုင်ငံတကာဥပဒေနှင့်အညီ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအား ဆက်လက်ထောက်ခံကြောင်း အတည်ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here