စက်သုံးဆီ အရောင်းဆိုင်များ သိုလှောင်နိုင်မှုကို တိုးမြှင့်သတ်မှတ်ပေး

0
197

စက်သုံးဆီအရောင်းဆိုင်များ၌ သိုလှောင်နိုင်သည့် ပမာဏကို ယခင်ကထက်ပို၍ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

စက်သုံးဆီဆိုင်များ၌ ယခင်က အများဆုံး ဂါလန် ၇၆,၈၀၀ အထိသာ ခွင့်ပြုခဲ့ရာမှ ယခု ဂါလန် ၇၆,၈၀၀ ကျော်နှင့်အထက် စတင်သိုလှောင်ရန် တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုသ်ို့ သတ်မှတ်လိုက်ခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ (၄၂)၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နောက်ဆက်တွဲ (က) ပါ ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းအမျိုးအစား အမှတ်စဉ် ၂၄ (ဓာတ်ငွေ့ရည် (LPG)၊ သဘာဝဓာတ်ငွေ့ (CNG) အပါအဝင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း) ၏ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination-IEE) (သို့မဟုတ်) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact As sessment- EIA) ဆောင်ရွက်ရန် လိုအပ်သည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားသတ်မှတ်ချက်တို့ကို ယခုလို ပြင်ဆင်သတ်မှတ်လိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ပေးလိုက်ခြင်းဖြင့် စက်သုံးဆီဆိုင််များတွင် စက်သုံးဆီပမာဏ ပိုမိုသိူလှောင်နိုင်မည်ဖြစ်ကာ စက်သုံးဆီနှင့်ပတ်သက်၍ သီလဝါဆိပ်ကမ်းရှိ Terminal တွင် အခြေအ နေအမျိုးမျိုးကြောင့် ထုတ်ယူရန် အခက်အခဲများ ကြုံလာသည့် အခါတိုင်းအတွက် ဖြေရှင်းမှုတခုလည်း ဖြစ်နိုင်သည်ဟု ဆီလုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here