ရေဘေးသင့်နေရသည့် လူပေါင်း တစ်သိန်းကျော်ထံ အကူအညီများပေးအပ်ခဲ့ကြောင်း WFP ပြော

0
67

မြန်မာနိုင်ငံအတွင်းရှိ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၆) ခုမှ ရေဘေးသင့် လူဦးရေ ၁၃၀ ,၀၀၀ ထံ အကူအညီများ ပေးအပ်ပြီးဖြစ်ကြောင်း WFP ကထုတ်ပြန်သည်။

လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ ခန့်ထံ အသက်ကယ်ဆယ်ရေး ရိက္ခာအကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း WFP ၏ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ရေကြီးမှုဒဏ်ခံနေရသည့် ဧရာဝတီတိုင်းအတွက် စားနပ်ရိက္ခာအကူအညီကို ယခုတစ်ပတ်အတွင်း ဖြန့်ဝေပေးထားသည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဆိုသည်။

မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု တင်စားကြသည့် ဧရာဝတီတိုင်းဒေသကြီးသည် ရေကြီးမှုလို ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်လွယ်သည့် ဒေသတစ်ခုဖြစ်ကာ လတ်တလော ရေလွှမ်းမိုးမှုများကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မစ္စ ရှီလာမက်သယူးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ထိုနည်းတူ ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေသူ ၃၅,၀၀၀ အတွက် ဆန်နှင့် အာဟာရမုန့် ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။

ထို့အတူ WFP အနေဖြင့် ရခိုင်ပြည်နယ်တွင်လည်း လိုအပ်ချက်များကို လေ့လာဆန်းစစ်လျက်ရှိပြီး အကူအညီပေးရန် အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here