ကျိုက်ထီးရိုး စေတီတော်တွင် မျောက်ကျောက် ရောဂါ အသိပညာပေး ပိုစတာများ စိုက်ထူ

0
75

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် ယနေ့ဩဂုတ် (၂၇) ရက် နံနက်ပိုင်းက မျောက်ကျောက် ( Mpox )ရောဂါ အသိပညာပေး ပိုစတာများ စိုက်ထူခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထို့အပြင် ကျိုက်ထီးရိုးဆံတော်ရှင် တာဝန်ရှိပုဂ္ဂိုလ်များကို မျောက်ကျောက်ရောဂါအကြောင်း ဗဟုသုတ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ အများဆုံး လာရောက်ဖူးမျှော်သည့် သမိုင်းဝင်ကျိုက်ထီရိုးစေတီတွင် ယခုကဲ့သို့ ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းများ‌ေဆာင်ရွက်ပေးခြင်းသည် တောင်တက်ရာသီကာလအတွက်ကြိုတင်ကာကွယ်ရာရောက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ယခု ဩဂုတ်လ (၂၃)ရက်မှ စတင်၍ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းလေဆိပ်အပါအဝင် ခရီးသွားအများဆုံး ဝင်/ထွက်ရာဖြစ်သည့် သထုံမြို့နှင့် ကျိုက်ထိုမြို့တို့တွင်လည်း ရက်ဆက် အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။

မျောက်ကျောက်ရောဂါကို မြန်မာ့အိမ်နီးချင်းနိုင်ငံများတွင်စတင်တွေ့ရှိရပြီဖြစ်သည့်အတွက် ဂရုစိုက်နေထိုင်ရန်လိုအပ်ပြီး အွန်လိုင်းပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြရန်နှင့် သတိပြုရန်လိုအပ်ကြောင်းနှင့် ပြည်တွင်း၌ မျောက်ကျောက်ရောဂါ အတည်ပြုလူနာတွေ့ရှိပါက တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းဌာနမှတဆင့်အသိပေး ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here