ကျောက်မဲမြို့တွင် တောင်ကျရေ စီးဆင်းမှုကြောင့် ဒုတိယအကြိမ် ရေကြီးရေလျှံ ထပ်မံဖြစ်ပွား

0
88

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မိုးရွာသွန်း‌နေခြင်းကြောင့် ယနေ့ ဩဂုတ် (၂၇)ရက် မွန်းလွဲပိုင်းအချိန်က တောင်ကျရေ စီးဆင်းလာပြီ ဒုတိယအကြိမ် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တောင်ကျရေစီးဆင်းမှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်အမှတ်(၉) နှင့် အနိမ့်ပိုင်းနေရာအချို့တွင် ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် (၂၆)ရက်တွင်လည်း မိုးအဆင်မပြတ်ရွာသွန်းခြင်းကြောင့် တောင်ကျရေစီးဆင်းကာ အဆိုပါ ရပ်ကွက်များ၌ပင် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူ (၁၅၀)ခန့် ရေဘေးဒုက္ခကြုံခဲ့ရသေးသည်။

ယင်းအတွက် ဒေသခံ ကမ်းလင့်လက်များ(နောင်ပိန်) အသင်းနှင့် တစ်ကိုယ်တော်ပရဟိတသမားတစ်ဦးတို့ ပူးပေါင်း၍ ထမင်းထုတ်နှင့် လိုအပ်သည့်အသုံးအဆောင်များ ထောက် ပံ့လှူဒါန်းပေးလျက်ရှိသည်။

ထို့ပြင် ရှမ်းမြောက်‌ဒေသ ကျောက်မဲမြို့တွင် စစ်ဘေးသင့်ဒဏ်ခံရ၍ အိုးအိမ်ပျက်စီးခဲ့ရသသည့် ဒေသခံများလည်းရှိနေရာ ၎င်းတို့အတွက် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ လှူဒါန်းပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here