တရုတ် – မြန်မာ နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး

0
84

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACC နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားကို ဩဂုတ် (၂၇) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here