ဒုတိယအကြိမ် MBC Professional Boxer ပြိုင်ပွဲ ပြုလုပ်မည်

0
239

ဒုတိယအကြိမ် MBC Professional Boxer ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ(၂၆)ရက်တွင် ထပ်မံကျင်းပပြုလုပ်သွားမည်ဟု Myanmar Boxing Commission ၏ အသိ ပေးထုတ်ပြန်ချက်အရ သိရသည်။

ယခု ပြုလုပ်မည့် ပြိုင်ပွဲ၌ ထိုးကြေးများ တိုးမြှင့်သွားမည် ဖြစ်သလို ပထမအကြိမ်ပြိုင်ပွဲအတွင်း ပါဝင်ထားသူများ၊ အနိုင်ရရှိထားသူများအပြင် ရှုံးနိမ့်ထားသော ကစားသမားများအနက် အရည်အသွေးကောင်းရှိသူများအား ပြန်လည်ယှဥ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

ယခု ပြိုင်ပွဲကို Boxrec တွင် ဝင်ထားသူများ record များပြားလာစေရန်၊ MBC ၏ ပထမဆုံးခြေလှမ်း အနေဖြင့် JBC ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်၊ MBC professional boxer license ထုတ်ပေးနိုင်ရန် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ကစားသမားများ စာရင်းပေးရမည့် ရက် ၊ Weight တန်းနှင့် အရည်အချင်း သတ်မှတ်ချက်များကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MBC ကပြုလုပ်သည့် ပထမအကြိမ် Professional Boxer ပြိုင်ပွဲကို ဩဂုတ် (၂၀)ရက်က ကျင်းပပြုလုပ်ခဲ့ကာ ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို ကမ္ဘာ့ဘောက်ဆင် ကော်မရှင် (WBC )၏ တရားဝင်ဆုတံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ကစားသမားများ၊ ပြည်နယ်နှင့် တိုင်းဆုတံဆိပ်ရှင်များ၊ ရိုးရာကျားများနှင့် လက်စွမ်းထက်နေသော တက်သစ်စကစားသမားများ ပါဝင်ပြီး၊ ကွ င်းဝင်ကြေးအခမဲ့ သတ်မှတ်‌ပေးခဲ့သည်။

ပထမအကြိမ် ပြိုင်ပွဲတွင် တွဲဆိုင်း(၁၀)ဆိုင်းပါဝင်ခဲ့ကာ နော်ဥမ္မာစိုးနှင့် အိအိထွေးတို့၏ အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းလည်းပါဝင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here