တရုတ်နိုင်ငံ မှ ၂၀၂၄ ခုနှစ်ပါရဂူဘွဲ့နှင့် မဟာဘွဲ့ပညာတော်သင်ဆုများ ပေးအပ်ခဲ့ရာ မြန်မာကျောင်းသားဦးရေသည် အာရှတွင် အများဆုံးဖြစ်

0
304

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားခဲ့သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Ministry of Commerce – MOFCOM) ပညာတော်သင်ဆုပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရပညာသင်ဆုများဖြစ်သည့် Chinese Government Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scho-larship (YES) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MO FCOM)တို့မှ ပညာသင်ဆုများကို နှစ်စဉ်ကမ်းလှမ်းလျက်ရှိကြောင်း၊ ပညာသင်ဆုများတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒများ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စာရင်းအင်းနှင့် ဥပဒေ စသည့်ဘာသာ ရပ်များစုံလင်စွာပါဝင်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် များစွာအထောက်အကူပြုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

MOFCOM အနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတိုဆွေးနွေးပွဲများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာသင်ဆုပေါင်းများစွာ ပေးအပ်ကမ်းလှမ်းလျက်ရှိရာ ၂၀၂၃ ခုနှစ် တွင် ပါရဂူဘွဲ့ (၁၄) ဦးနှင့် မဟာဘွဲ့ (၅၁) ဦး၊ ၂၀၂၄ ခုနှစ်တွင် ပါရဂူဘွဲ့(၇)ဦးနှင့် မဟာဘွဲ့ (၆၅) ဦး ရွေးချယ်ပေးအပ်ခဲ့သဖြင့် ဝင်ခွင့်ရရှိခဲ့သည့် ကျောင်းသားဦးရေသည် အာရှတွင် ပထမဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here