လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး မြန်မာနှင့် ကုလသမဂ္ဂတို့ ဆွေးနွေး

0
71

လိုအပ်နေသည့် ပြည်သူများထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်မှု အခြေအနေတို့နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထာ:မှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ် ညွှန်ကြားရေးမှူးများအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ် ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်း စာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ် (၂၇) ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့် ပြည်သူ များထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအ ပ်နေမှု အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယင်းအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ EDG ၏ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဂျီနီဗာမြို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး လုပ်ငန်းစဉ်ချမှတ်သည့်အဖွဲ့ (SCH R) ၏ အမှုဆောင်အတွင်းရေးမှူး၊ ဂျီနီဗာမြို့ရှိ WHO အဖွဲ့ ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ညွှန်ကြားရေးမှူးတို့နှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲနှင့် UNOCHA ၏ ညှိနှိုင်းရေးဆိုင်ရာဌာနခွဲ၏ အကြီးအကဲတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here