Thursday, December 12, 2024

မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် လာမည့် (၂)ရက်အတွင်း...

လာမည့် (၂)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက်...

အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း ပြည်တွင်းစားသုံးဆန်များကို ကားဖြင့်လှည့်လည်ရောင်းချပေးနေ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ စားသုံးသူ ပြည်သူများအတွက် ပြည်တွင်းစားသုံးဆန်များအား ကားများဖြင့် မြို့နယ်များတွင် လှည့်လည်ရောင်းချပေး‌လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ရောင်းချပေးမှုတွင် ဧည့်မထဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင်...

သြစတြေးလျမှ ဗိုင်းရပ်စ်များပါသော ဖန်ပြွန်များ ပျောက်ဆုံးနေ၍...

သြစတြေးလျ နိုင်ငံရှိဓါတ်ခွဲခန်းတစ်ခုမှ ‌ေ-သစေလောက်သော ဗိုင်းရပ်စ်များပါဝင်သည့် ဓါတ်ခွဲခန်းဖန်ပြွန် ၃၀၀ ကျော် ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ စိုးရိမ်ရကြောင်း ထင်ရှားသည့် ထိုင်း ဦးဏှောက်နှင့်အာရုံကြောအထူးကုဆရာဝန်...
HomeNewsLocal Newsရန်ကုန်တိုင်းအတွင်းရှိ အားကစားကွင်းနှင့် အားကစားရုံ...

ရန်ကုန်တိုင်းအတွင်းရှိ အားကစားကွင်းနှင့် အားကစားရုံ ပြင်ဆင်နေမှုများစံချိန်မီ၍ သတ်မှတ်ကာလအတွင်းပြီးစီးရမည်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း သည် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများ (၂)ထပ်လျှာထိုးခင်းခြင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း အထူးတန်းပွဲကြည့်စင်၊ Synthetics ပြေးလမ်း၊ ရေစိမ့်မြောင်းနှင့် ရေဖျန်းစနစ်ပါသော ဘောလုံးကွင်း ပြင်ဆင်မှု၊ တောင်ဥက္ကလာပမြို့နယ် တိုင်းရုံးနှစ်ထပ်တည်ဆောက်နေမှုနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန် RC-2 နှစ်ထပ် အမိုးပါပွဲကြည့်စင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများ အားကစား၌သာမက စာပေပညာရပ်ဘက်တွင်ပါ ထူးချွန်အောင်မြင်ရန်၊ မိမိတို့၏ သားသမီးများကဲ့သို့ သဘောထား၍ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေး ဆရာ/ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်း၍ အလေးထားဆောင်ရွက်ပေးရန်၊ လုံခြုံရေးသတိရှိရန်၊ မိမိကျောင်းအောင်ချက် ကောင်းမွန်စေရန် အထူးကြိုးစားကြရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်ရန် လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများတွင် လာမည့် (၂)ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ဟု မိုး/ဇလ အသိပေး

လာမည့် (၂)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၂)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံကမ်းလွန်)တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းကမ်းခြေအနီးမှ ဖြတ်ကျော်လျက်ရှိကြောင်း ထုတ်ပြန်သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်(၆) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ တက်ရောက်ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင် မောင်မောင်လွင် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အင်ဒိုနီးရှားနှင့် ကစားသည့် ပွဲစဉ်အပြီး ပရိတ်သတ်အားရိုင်းစိုင်းစွာပြုမှု ဆက်ဆံခဲ့သည့်အပေါ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အရေးယူပေးမည်ဟု ကွင်းအတွင်း ပရိသတ်တွေကို အသိပေးတောင်းပန်ခဲ့ရသေးသည်။ ယနေ့ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့်...

အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း ပြည်တွင်းစားသုံးဆန်များကို ကားဖြင့်လှည့်လည်ရောင်းချပေးနေ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ စားသုံးသူ ပြည်သူများအတွက် ပြည်တွင်းစားသုံးဆန်များအား ကားများဖြင့် မြို့နယ်များတွင် လှည့်လည်ရောင်းချပေး‌လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ရောင်းချပေးမှုတွင် ဧည့်မထဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင် ကျပ်(၈၀၀၀)နှုန်း၊ ပေါ်ဆန်း ဆန်(၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင် ကျပ် (၁၃၅၀၀)နှုန်းဖြင့် လိုက်လံရောင်းချပေးနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ လိုက်လံရောင်းချပေးနေသည့်အတွက် ဧည့်မထဆန်တစ်ပြည်လျှင်ကျပ် (၃၂၀၀) နှုန်း၊ ပေါ်ဆန်းဆန်တစ်ပြည်လျှင် ကျပ်(၅၄၀၀)နှုန်းသာ ကျသင့်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်း၊ ကုန်စည်ဒိုင်၊ ဆန်စပါးကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူပြည်သူများအတွက် သက်သာသည့်ဈေးဖြင့် ဆန်ရောင်းချပေးခြင်း အစီအစဉ်ကိုဆောင်ရွက်ပေးနေပြီး အသေးစိတ်သိလိုပါက အသင်းချုပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071