ရန်ကုန်တိုင်းအတွင်းရှိ အားကစားကွင်းနှင့် အားကစားရုံ ပြင်ဆင်နေမှုများစံချိန်မီ၍ သတ်မှတ်ကာလအတွင်းပြီးစီးရမည်

0
149

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း သည် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံ ကြမ်းခင်းများ (၂)ထပ်လျှာထိုးခင်းခြင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း အထူးတန်းပွဲကြည့်စင်၊ Synthetics ပြေးလမ်း၊ ရေစိမ့်မြောင်းနှင့် ရေဖျန်းစနစ်ပါသော ဘောလုံးကွင်း ပြင်ဆင်မှု၊ တောင်ဥက္ကလာပမြို့နယ် တိုင်းရုံးနှစ်ထပ်တည်ဆောက်နေမှုနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန် RC-2 နှစ်ထပ် အမိုးပါပွဲကြည့်စင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများ အားကစား၌သာမက စာပေပညာရပ်ဘက်တွင်ပါ ထူးချွန်အောင်မြင်ရန်၊ မိမိတို့၏ သားသမီးများကဲ့သို့ သဘောထား၍ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေး ဆရာ/ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်း၍ အလေးထားဆောင်ရွက်ပေးရန်၊ လုံခြုံရေးသတိရှိရန်၊ မိမိကျောင်းအောင်ချက် ကောင်းမွန်စေရန် အထူးကြိုးစားကြရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်ရန် လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here