သံလွင်နှင့်စစ်တောင်းမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်ထက်တွင် ဆက်လက်တည်ရှိနိုင်သေး၍ဘားအံ၊တောင်ငူနှင့် မဒေါက် တဝိုက် သတိထားဖို့လို

0
275

ယနေ့မြန်မာစံတော်ချိန် (၇)နာရီခွဲအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄.၆၁ ပေ (၇၅၀ စင်တီမီတာ) အထက်သို့ (၂) ပေခန့် (၅၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။

အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း (၃) လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

စစ်‌တောင်မြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၁၉.၆၉ ပေ(၆၀၀ စင်တီမီတာ) အထက်သို့ (၂) ပေခန့် (၅၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည် ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်‌တောင်မြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅.၁၀ ပေ(၁၀၇၀ စင်တီမီတာ) အထက်သို့ (၁) ပေကျော် (၃၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေကာ နောက် (၁) ရက်အတွင်း (၂) လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနိုင်သည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ဘားအံမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မဒေါက်မြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here