ဆန္ဒပြသူများကိုမျက်ရည်ယိုဗုံးနှင့်‌ ရေအ‌မြှောက်များအသုံးပြုဖြိုခွဲ

0
210

ကိုးလ်ကတ္တား၊ဩဂုတ် ၂၇

ယခုလအတွင်း အဓမ္မကျင့်သတ်ဖြတ်ခံခဲ့ရသော အိန္ဒိယမှဆရာဝန်အမျိုးသမီးအတွက် တရားမျှတမှုရရှိရန် ဆန္ဒထုတ်ဖော်နေကြသည့် ဆန္ဒပြသူများကို အိန္ဒိယရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့်ရေအမြှောက်များကို အသုံးပြု၍ ဖြိုခွဲခဲ့ကြောင်းသိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆရာဝန်အမျိုးသမီးတစ်ဦးသည် လုပ်ငန်းခွင်ထဲ၌ပင် အဓမ္မကျင့်သတ်ဖြတ်ခံခဲ့ရမှုကြောင့် ‌အိန္ဒိယ၌ အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံသည့်ရပ်ဝန်းဟူ၍မရှိဘဲ ကြာရှည်ဖိနှိပ်ခံခဲ့ရသည့် အမျိုးသမီးအခွင့်အရေးများအတွက် ဆန္ဒထုတ်ဖော်မှုများလည်းရှိလာခဲ့သည်။

ဆန္ဒပြလူထုသည် အနောက်ဘန်ဂေါပြည်နယ်အုပ်ချုပ်ရေးမှူးက်ု ရာထူးမှနှုတ်ထွက် ပေးဖို့‌တောင်းဆိုရန် အစိုးရရုံးသို့ချီတက်သွားကြစဉ် ရဲများနှင့်ထိပ်တိုက် ေတွ့ကြခြင်း ဖြစ်သည်။

အဓိကရုဏ်းအတွင်း ဆန္ဒပြသူအယောက် ၁၀၀ ထက်မနည်း သည် ဆူပူအကြမ်းဖက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း‌ အမည်မဖော်လိုသူအကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဆရာဝန်အမျိုးသမီး အဓမ္မကျင့်အသတ်ခံရမှုအတွက်ဆရာဝန်အသိုင်းအဝိုင်းကလည်း အရေး ပေါ် မဟုတ်သည့်ကုသ‌ရေးလုပ်ငန်းများ ကို ရပ်နားကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသေးသည်။ယခုအမှုကိစ္စနှင့်ပတ်သက်၍ သံသယတရားခံအနေဖြင့် အမျိုးသားတစ်ဦး ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here