မြန်မာ့ လက်ရွေးစင် ကစားသမား လွင်မိုးအောင်ပါဝင်သည့် လရောင်းအသင်း ပီတီပရာကျွပ်အသင်းကို (၃)ဂိုးပြတ်ဖြင့်ရှုံးနိမ့်

0
210

မြန်မာ့လက်ရွေးစင် ကစားသမား လွင်မိုးအောင်ပါဝင်သည့် လရောင်းအသင်း ပီတီပရာကျွပ် အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

အဆိုပါ နှစ်သင်းမှာ ယနေ့ ဩဂုတ် (၂၈) ရက် ညနေပိုင်းအချိန်တွင် ကျင်းပသည့် ထိုင်းလိဂ် -၁ ၏ Week -4 ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ပွဲစဉ်အတွင်း အသင်း၏ ပွဲထွက်စာရင်းတွင် မြန်မာ့လက်ရွေးစင် လွင်မိုးအောင် ပါဝင်လာခြင်းမရှိပေ။

ယနေ့ ထိုင်းလိဂ် ပွဲစဉ်အပြီး လရောင်းအသင်းသည် ဘီဂျီပက်သူရမ်အသင်းကို အနိုင်ရရှိထားသလို မြောင်တောင်ယူနိုက်တက် အသင်းဖြင့် သရေကစားထားနိုင်ကာ ပေါ့စ်အက်စ်စီအသင်းနှင့် ပီတီပရာကျွပ်အသင်းကို ရှုံးနိမ့်ထားသည်။

လက်ရှိတွင် အသင်းအနေဖြင့် အမှတ်ပေးဇယားရပ်တည်မှုအရ ရမှတ်(၄)မှတ်ဖြင့် အဆင့်(၉) နေရာ၌ ရပ်တည်နေသည့်အသင်းတစ် အသင်းဖြစ်သည်။

မြန်မာကစားသမားအချို့ပါဝင်ကစားလျက်ရှိသည့် ထိုင်းလိဂ်(၁)အသင်းများ၌ ရာသီစပွဲစဥ်များတွင် မလိုလားအပ်သောရမှတ်ဆုံးရှုံးမှုများနှင့် ရှုံးပွဲနှင့် သရေပွဲများ ကြုံတွေ့ရနေသော်လည်း လွင်မိုးအောင်၏ လရောင်းအသင်းသည် အကောင်းဆုံးပုံစံဖြင့် ဖြတ်ကျော်လာကာ တန်းတက်လာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here