ဗဟိုလမ်း (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

0
307

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ အမျိုသား (၅)ဦးအနက် (၂)ဦး အသက်ဆုံးရှုံးခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ရဒဏ်ရာများရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ ပရဟိတ အသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၂၈)ရက်၊ ည(၁၁)နာရီ (၄)မိနစ်အချိန်ခန့်က ဗဟိုလမ်း၊ (၁၅)ပေ ခုံးတံတားအောက်တွင် Honda Fit ယာဉ်တစ်စီး အရှိန်လွန်ကာ တံတားအုတ်ဘောင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး လူညပ်နေကြောင်း သတင်းအရ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံပရဟိတအသင်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားအတွင်း ညပ်နေသော အမျိုးသား (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၃) ဦး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)မှ လူနာတင်ယာဉ်၊ MAN ပရဟိတအသင်း မှ လူနာတင်ယာဉ်၊ ရတနာအောင်ပရဟိတအသင်းမှ လူနာတင်ယာဉ်၊ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here