ပထမဆုံး ယူကရိန်း F-16 လေယာဉ်မှူး ဒုဗိုလ်မှူးကြီး Oleksiy Mes တိုက်ပွဲတွင်ကျဆုံး

0
390

ဩဂုတ် ၂၆ ရက်က တိုက်ခိုက်ရေးမစ်ရှင်တစ်ခု တာဝန်ထမ်းဆောင်နေစဉ် အမှတ် (၁၁၄) နည်းဗျူဟာလေကြောင်းတပ်မဟာ (၁၁၄) မှ လက်ထောက်တပ်မှူး ဒုတိယဗိုလ်မှူးကြီး Oleksiy Mes ‌ေ-သဆုံးခဲ့ကြောင်း ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ Lutsk မြို့၏ မြို့တော်ဝန်က ကြေငြာခဲ့သည်။

“ဒုတိယဗိုလ်မှူးကြီး Mes Alexey Sergeevich(Oleksiy Mes) သည် တိုက်ခိုက်ရေးမစ်ရှင်တစ်ခုအတွင်း သြဂုတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်တွင် ကျဆုံးခဲ့သည်” ဟု မြို့တော်ဝန်က ၎င်း၏လူမှုကွန်ရက်အကောင့်တွင် ရေးသားခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး Mes Alexey Sergeevich(Oleksiy Mes) သည် F-16 တိုက်လေယာဉ်လေယာဉ်မှူးတစ်ဦးဖြစ်ပြီး လေယာဉ်နှင့်အတူ ပျက်စီးကျဆုံးသွားခြင်းဖြစ်ကြောင်း ကနဦးသတင်းအရသိရသည်။

F-16 တိုက်လေယာဉ်များ အခြေစိုက်ရာ Ivano-Frankivsk မြို့ရှိ Kolomyia လေယာဉ်ကွင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ရုရှားတို့က သြဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၆ ရက်နေ့က ရုရှားတို့၏ ပြင်းထန်သော ဒုံးကျည်နှင် ဒရုန်းတိုက်ခိုက်မှုများအား ပြန်လည်တုန့်ပြန်ရာတွင် အမေရိကန် F-16 တိုက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ဩဂုတ် ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သော်လည်း F-16 လေယာဉ်မှူး ဒုဗိုလ်မှူးကြီး Oleksiy Mes တိုက်ပွဲတွင်ကျဆုံးခြင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here