ပင်လယ်စာဆိုင်များအတွက်မရှိမဖြစ် ပန်းခရု ကို လပွတ္တာခရိုင် မှတင်ပို့​နေ

0
228

ရန်ကုန်ဈေးကွက်မှ အဝယ်လိုက်နေသည့်အတွက် လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ပန်းခရုပိဿာချိန် (၇၆၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ပန်းခရုပိဿာချိန် (၅၀၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ (၁) ရက်မှ (၃၁) ရက်ထိ တစ်လအတွင်း ပန်းခရုပိဿာချိန် (၇၆၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ပန်းခရုအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင်လည်း လပွတ္တာမှရေထွက်ကုန်များကို အဝယ်လိုက်နေကြောင်း သိရသည်။

အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ပန်းခရုများ၏ လတ်ဆတ်မှုနှင့် အရွယ်အစားအလေးချိန်ပေါ်မူတည်၍ ဈေးအပြောင်းအလဲရှိကြောင်း ပန်းခရုများကို လတ်တလောပင်လယ်စာအရောင်းဆိုင်များက အဝယ်လိုက်နေခြင်းကြောင့် ယခုလိုတင်ပို့အားကောင်းလာကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ပန်းခရု တစ်ပိဿာလျှင် ငွေကျပ် (၁၉၀၀၀)ထိ ပေါက်ဈေးရရှိပြီး အဆိုပါဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ် ကောင်းမွန်လာသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here