စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး တိုးမြှင့်ကောက်ခံမည်

0
100

လာမည့် စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် စာအုပ်ကြေးကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြာင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးကြေညာထားသည်။

ပြည်တွင်း၌ သာမန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလာမှုနှင့် ပတ်သက်၍ စက်တင်ဘာ (၁) ရက်မှစ၍ စာအုပ်ဖိုးငွေ (၃၅၀၀၀) ကျပ်မှ (၄၀၀၀၀) ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့ပြင် Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီ တောင်းခံ၍ လျှောက်ထားနိုင်ကြောင်း လ.ဝ.က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေ ပေးဆောင်၍ လျှောက်ထားခြင်းများ မပြုရန်လည်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here