တိုင်းရင်းသားဝတ်စုံများကို မူပိုင်ခွင့်သတ်မှတ်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဥပဒေများ သတ်မှတ်ရန်စီစဉ်နေ

0
227

ဩဂုတ် (၂၈) ရက်တွင် ကျင်းပသည့် မြန်မာအမျိုးသား အမျိုးသမီးဝတ်စုံသတ်မှတ်နိုင်ရေး အစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ၌ ကျင်းပခဲ့သည်။

တိုင်းရင်းသားဝတ်စုံနှင့် ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဝတ်စုံများ၏ မူလဇာစ်မြစ်ကိုပါ လေ့လာစိစစ်တင်ပြရန်အတွက် “တီထွင်မှုသည် ရိုးရာကိုမကျော်ရန်” ဆိုသည့် “မူဝါဒ” ဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းရခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းအထောက်အထားများ၊ မြေပြင်ကွင်းဆင်းလေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောကြားသည်။

မြန်မာတိုင်းရင်းသား ဝတ်စုံနှင့် စပ်လျဉ်း၍ နေ့စဉ်သုံးနှင့် အခမ်းအနား ခွဲခြားသတ်မှတ်ရန်၊ တိုင်းရင်းသားဝတ်စုံများကို မူပိုင်ခွင့် သတ်မှတ်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဥပဒေများ သတ်မှတ်သွားရန်လည်း ဒုတိယ ဝန်ကြီးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here