အာရှချန်ပီယံလိဂ် အုပ်စုဒုတိယ‌ခြေစစ်ပွဲစဉ် မြဝတီအမျိုးသမီးအသင်းထပ်မံ ရှုံးနိမ့်

0
57

အာရှချန်ပီယံလိဂ် အုပ်စုဒုတိယ‌ ခြေစစ်ပွဲစဉ်အား ယမန်နေ့ ဩဂုတ်(၂၈)ရက်က မြဝတီအမျိုးသမီးအသင်းနှင့် ယူအေအီးကလပ် အဘူဒါဘီကန်းထရီးအသင်းကို ယှဉ်ပြိုင်ကစားရာ မြဝတီအမျိုးသမီးအသင်း ထပ်မံရှုံးနိမ့်ခဲ့သည်။

ပွဲစဉ်အတွင်း မြဝတီအမျိုးသမီးအသင်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ယူအေအီးကလပ် အဘူဒါဘီကန်းထရီးအသင်း (၁) ဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြဝတီအသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်တွင်လည်း အယ်လ်နာဆာအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း‌ကြောင့် ယခု ခြေစစ်ပွဲ မအောင်မြင်တော့ဘဲ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရပြီဖြစ်သည်။

လက်ရှိတွင် အုပ်စုတွင်း အယ်လ်နာဆာအသင်းနှင့် အဘူဒါဘီအသင်းတို့က (၂)ပွဲနိုင် ရမှတ်(၆)မှတ်စီဖြင့် ခြေစစ်ပွဲအုပ် စုဗိုလ်နေရာအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြဝတီနှင့် လာအိုကလပ် ယန်းအဲလိဖန့်အသင်းတို့မှာလည်း အုပ်စုနောက်ဆုံးပွဲအဖြစ် ထပ်မံ ကစားရမည်ဖြစ်ပြီး နှစ်သင်းစလုံး ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်မရှိတော့ဘဲ အသင်း ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here