ရထားလမ်းဥမင်ထဲပိတ်မိနေသောမြန်မာအလုပ်သမားအလေ-ာင်းတွေ့

0
137

ထိုင်းနိုင်ငံတွင် ပြိုကျသွားသော ရထားလမ်းဥမင်အတွင်း ပိတ်မိခဲ့သည့် အလုပ်သမားများအနက် မြန်မာ အလုပ်သမားကို ယနေ့(သြဂုတ် ၂၉) တွင် ေ -သဆုံးလျက် တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်သည်ခြောက်ရက် မြောက် ရောက်လာစဉ် ကျန်သည့် အလုပ်သမားနှစ်ဦး ကို ဆက်လက်ရှာေဖွနေသည်ဟု ဆိုသည်။

ထိုင်းအစိုးရ မီးရထားလုပ်ငန်း(SRT) မှ ကယ်ဆယ်ရေးသမားများနှင့် တရုတ်နိုင်ငံ၏ Hunan Sunshine ကုမ္ပဏီမှ အဖွဲ့တစ်ဖွဲ့တို့သည် မြန်မာကုန်ကားယာဉ်မောင်းသမား၏ ရုပ်အလော-င်းကို မနက် ၁၁ နာရီခန့်တွင် တွေ့ရှိခဲ့ကြသည်ဟု SRT အုပ်ချုပ်ရေးမှူးရုံး အကြီးအကဲ Ekkarat Sriarayanpong က ပြောဆိုသည်။

လက်ရှိအချိန်တွင် မြန်မာယာဉ်မောင်း၏ နာမည်ကို အတည်မပြုသေးကြောင်းနှင့် SRT အနေဖြင့် သူ၏ မိသားစုကို ထောက်ပံ့ကူညီသွားရန် အသင့်ရှိပါကြောင်း မစ္စတာ Ekkarat က ပြောသည်။

မြန်မာနိုင်ငံသား၏ ရုပ်အလေ-ာင်းကို ပြိုကျနေသာ မြေကြီးများနှင့် ကျောက်တုံးကျောက်ခဲများအောက်ရှိ ကုန်ကားတစ်စီး၏ အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နာခွန် ရတ်ချာဆီမာပြည်နယ် အုပ်ချုပ်ရေးမှူး ချိုင်ဝပ် ချူအန်ကိုဆမ်က အတည်ပြုခဲ့သည်။

ကျန်ရှိသည့် အမျိုးသားနှစ်ဦးထံက အသက်ရှင်နေဖွယ်ရှိသည့် လက္ခဏာရပ်များကို ကယ်ဆယ်ရေးအဖွဲ့က စစ်ဆေးတွေ့ရှိထားဆဲဖြစ်ကာ ရှာဖွေရေးလုပ်ငန်းခွင်တွင် အနံ့ခံခွေးများ ထပ်မံစေလွှတ်ပေးထားသည်ဟု သူက ပြောဆိုသည်။

ဥမင်အတွင်း ပိတ်မိလျက် ကျန်ရှိနေသူနှစ်ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးနှင့် ဘက်ဟိုးယာဉ်မောင်းတို့ဖြစ်ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here