ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတန်ချိန် ၂ သန်းနီးပါးတင်ပို့ထား

0
346

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တန်ချိန် ၁ ဒသမ ၈ သန်းကျော်အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ (၁) ရက်မှ ဩဂုတ် (၃၁) ရက်အထိ နှစ်စဉ်အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိပြီး စက်တင်ဘာလမှစတင်၍ ပြောင်းတင်ပို့မှု ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

” ပြောင်း တင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းကို ထိုင်းကို တင်ပို့ပါတယ်။ စက်တင်ဘာလ ကနေစပြီး ထိုင်းကို မပို့တော့ဘူး။ တခြား ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့ကို တင်ပို့ပါတယ်။ အိန္ဒိယက ပြောင်းတန်ချိန် (၅) သိန်းတောင် ဝယ်ယူထားတယ်။ ထိုင်းပြီးရင် ဒုတိယအများဆုံး တင်ပို့တဲ့နိုင်ငံက အိန္ဒိယဖြစ်လာမှာပေါ့”ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် အဓိကတင်ပို့သည့် လမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးသည် လမ်းခရီး အခက်အခဲကြောင့် အနည်းငယ်သာတင်ပို့ပြီး ရန်ကုန်၊ ရနောင်း၊ ကန်တန်ဆိပ်ကမ်းမှ ရေကြာင်းကုန်သွယ်ရေးနှင့် ပို့သလို တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကနေလည်း ပို့ဆောင်နေကြောင်း သိရသည်။

ပြောင်း စိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်း တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက စုစုပေါင်း ၁ ဒသ မ၂ သန်းခန့်အထိရှိပြီး တန်ချိန် ၂ ဒသမ ၆ သန်းကျော်ထွက် ရှိကာ မြန်မာ့ထွက်ကုန် ပြည်ပတင်ပို့မှုများအနက် ဆန်ပြီးလျှင် ဒုတိယအများဆုံး ဝင်ငွေရရှိသည့် ကုန်စည်လည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here