ရန်ကုန်တိုင်းရှိ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီဖွဲ့စည်းမည်

0
59

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနေဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးရှိ ပုဂ္ဂလိကရေယာဉ်များကို စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရေကြောင်းဖြင့် ခရီးသွားကြသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စည်များ လုံခြုံချောမွေ့စွာ လိုရာခရီးသို့ သယ်ယူပို့ဆောင်နိုင်ရေး ဝန်ဆောင်မှုပေးနိုင်ရန်၊ ရေယာဉ်ဖြင့်လုပ်ငန်းလုပ်ကိုင်သူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်လုပ်သားများ အနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလုပ်ဆောင်နိုင်စေရန်၊ ရေယာဉ်ဆိုက်ကပ်သည့် ဆိပ်ကမ်းနေရာများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်၊ ရေယာဉ်စည်းကမ်း၊ ရေကြောင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ဖွဲ့စည်းရန်အတွက် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လှိုင်မြစ်ကို အသုံးပြုနေကြရသည့် စက်တပ်သမ္ဗန် ရေယာဉ်မောင်းနှင်သူများအား စနစ်တကျ မှတ်ပုံတင်ထုတ်ပေးရေးနှင့် သမ္ဗန်ရေယာဉ်ပြေးဆွဲရေး၊ သမ္ဗန်ရေယာဉ်ဂိတ်များဖွဲ့စည်းမှု၊ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွ င် မှတ်ပုံတင်ထားရှိသည့် မြင်းကောင်ရေ (၂၀) အောက် စက်တပ်သမ္ဗန် (၅၃၇)စင်းရှိပြီး သမ္ဗန်ရေယာဉ်ဂိတ် (၇)ဂိတ်ဖြစ်သည့် ဆိပ်ကြီးရေယာဉ်ဂိတ်တွင် အစင်း (၆၀)၊ စက်ဆန်းရေ ယာဉ်ဂိတ်တွင် (၉၂) စင်း၊ အောက်ရုံရေယာဉ်ဂိတ်တွင် (၈၈) စင်း၊ အလတ်ချောင်း ရေယာဉ်ဂိတ်တွင် (၁၀၃) စင်း၊ အေးရွာအရှေ့ရေယာဉ်ဂိတ်တွင် (၅၄)စင်း၊ ဘလုတ်ညွန့်ရေယာဉ်ဂိတ်တွင် (၇၄) စင်း၊ စက်ကလေးရေယာဉ်ဂိတ်တွင် (၆၆) စင်းဖြင့် အသီးသီးပြေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here