မြန်မာအမျိုးသမီးဘောလုံး အကယ်ဒမီကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်နေ

0
96

အမျိုးသမီး ဘောလုံးလောကဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အမျိုးသမီးဘောလုံး အကယ်ဒမီ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုများကို ဩဂုတ် (၂၈) ရက်က ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ယူ ၁၅ အမျိုးသမီးပြိုင်ပွဲအား တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စသည့် ဇုန် (၃)ခုတွင် ကျင်းပရေးဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ သွားရောက် တာဝန်ထမ်းဆောင်ခြင်းနှင့် ပရိုလိုင်စင် ရရှိရေးဆောင်ရွက်ချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာအမျိုးသမီး လိဂ်နှင့် ပြိုင်ပွဲများ စီစဉ်ဆောင်ရွက်နေမှု၊ကစားသမား၊နည်းပြနှင့် ဒိုင်များ ဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ အမျိုးသမီး လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ ပြင်ဆင်ထားရှိမှု၊ ဖူဆယ်အမျိုးသမီး ပြိုင်ပွဲများနှင့် လက်ရွေးစင် အသင်းများ ပြင်ဆင်ထားရှိမှုတို့အား သက်ဆိုင်ရာနယ်ပယ်များအလိုက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အမျိုးသမီးဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်စောဦးအပါအဝင် သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here