စက်သုံးဆီ ရည်ညွှန်းဈေး ကျပ် (၁၀၀)ဝန်းကျင် ထပ်မံမြင့်တက်လာပြန်

0
236

ယနေ့ ဩဂုတ်လ (၃၀) ရက်တွင် စက်သုံးဆီကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးအချို့တွင် ရောင်းချရမည့် စက်သုံးဆီ အခြေခံရည်ညွှန်းစျေးသည် ယခင်ရက်ကဈေးနှုန်းထက် တစ်လီတာလျှင် ၁၀၀ ကျပ်ဝန်းကျင် ထပ်မံမြင့်တက်လာသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်သည့် ရန်ကုန်မြို့၏ ယနေ့ စက်သုံးဆီရည်ညွှန်းသည် အောက်တိန်း 92 တစ်လီတာလျှင် ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၂၄၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၅ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၂၉၅ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများသည် ယခင်နေ့များက ဈေးနှုန်းများနှင့်ယှဉ်လျှင် အောက်တိန်း 92 နှင့် 95 တစ်လီတာ ၁၂၅ ကျပ် မြင့်တက်လာကာ ရိုးရိုးဒီဇယ်ဈေးသည် ၄၅ ကျပ် မြင့်တက်သလို ပရီမီယံဒီဇယ်ဈေးသည်လည်း ယခင်နေ့များထက် ၉၅ ကျပ် မြင့်တက်လာသည်။

အလားတူ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ် စတဲ့ မြို့ကြီးများ၏ အောက်တိန်း 92 နှင့် 95 တစ်လီတာဈေးများသည်လည်း မြင့်တက်လာသလို ပရီမီ ယံဒီဇယ်ဈေးနှင့် ရိုးရိုးဒီဇယ်စျေးသည်လည်း မြင့်တက်လာသည်ကို ကော်မတီ၏ ထုတ်ပြန်ချက်အရ တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here