ယူကရိန်းတွင် ပထမဆုံး F-16 ဆုံးရှုံးမှု အမေရိကန် အတည်ပြု

0
193

ယူကရိန်းသို့ အမေရိကန်က ပံ့ပိုးထားသော F-16 ဂျက်တိုက်လေယာဉ်များထဲမှ ပထမဆုံးတစ်စင်း ဆုံးရှုံးခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးမှ အတည်ပြုခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

ယူကရိန်းသို့ အမေရိကန်လုပ်လေယာဉ်များ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အကြာ တနင်္လာနေ့တွင် ယခုကဲ့သို့ပျက်-ကျခဲ့ခြင်းဖြစ်သည်။

ကနဦးသတင်းများအရ အဆိုပါလေယာဉ်သည် ရုရှားတို့၏ တိုက်ခိုက်မှုကြောင့် ပစ်ချခံရခြင်း မဟုတ်သော်လည်း ယူကရိန်းတို့၏ အမှားတစ်စုံတစ်ခုကြောင့် ပျ-က်ကျရခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် တာဝန်ရှိသူက ပြောသည်။ ယင်း အဖြစ်အပျက်သည် ရုရှားတို့၏ ပြင်းထန်သော ဒုံးကျည်တိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယူကရိန်းလေတပ်သို့ မေးမြန်းရင် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆိုခဲ့သော်လည်း ယူကရိန်းလေတပ်က လေယာဉ်ပျ-က်ကျမှုနှင့် လေယာဉ်မှူး၏ အခြေအနေကို အတည်မပြုပြောကြားခြင်းမရှိသေးချေ။

F-16 တိုက်လေယာဉ်များသည် ရုရှားတို့ကို လွှမ်းမိုးနိုင်သည့် လက်နက်တစ်ခု ဖြစ်လာမည်မဟုတ်ကြောင်းနှင့် ရုရှားစစ်တပ်၏ ဖျက်ဆီးခြင်းကို ခံရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က သြဂုတ် ၇ ရက်နေ့ကတည်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here