ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး အကြံပေးပုဂ္ဂိုလ် Mr. Wang Daopan လာရောက်တွေ့ဆုံ

0
85

ပါတီဥက္ကဋ္ဌ ဦးခင်ရီ ကရုရှသို့ ခရီးထွက်နေချိန်တွင် ဒုဥက္ကဋ္ဌ က တရုတ်နှင့်လက်ခံ တွေ့ဆုံခြင်းဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor, Mr. Wang Daopan နှင့် အဖွဲ့အား ယမန်နေ့ ဩဂုတ် (၂၉) ရက် မွန်းလွဲပိုင်းက ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ပါတီဆက်ဆံရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရသော်လည်း တွေ့ဆုံဆွေးနွေးမှု၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူအထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး တို့တက်ရောက်ခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counselor, Mr. Wang Daopan နှင့်အတူ အဖွဲ့ဝင် (၁)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here