ဘင်္ဂလားဒေ့ရှ်က အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မလေးကူညီပေးရန်တောင်းဆို

0
184

နူးဒေလီ၊ဩဂုတ် ၂၉

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံသို့ဝင်ခွင့်ရရန် ဘင်္ဂလားဒေ့ရှ်က မလေးရှားနိုင်ငံကို အကူအညီအားတောင်းခံခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မလေးရှားနိုင်ငံ၏မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စ Hannah Md Hashim က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ၏ အကြံပေးအရာရှိချုပ်(ယာယီဝန်ကြီးချုပ်) ကို သွားရောက်တွေ့ဆုံနှုတ်ဆက်စဉ် ယခုကဲ့သို့ ၎င်းကိုမေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်း၏ လေးနှစ်တာ တာဝန်သက်တမ်းကုန်ဆုံးချိန်တွင် ဘင်္ဂလားဒေ့ရှ်မှပြန်ရမည့် မစ္စ Haznah သည် ဘင်္ဂလားဒေ့ရှ်၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်၍ မလေးရှားအာဏာပိုင်များထံ မစ္စတာယူနွတ်၏သဝဏ်လွှာကို ပေးပို့မည်ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်သည် အာဆီယံနှင့် ဆာအတ်ခ် (တောင်အာရှ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအသင်း)တို့ အကြား တံတားတစ်စင်းဖြစ်လာနိုင်သည်” ဟုလည်း မစ္စတာယူနွတ်က ပြောကြားခဲ့သည်။

မလေးရှားသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးနှင့်ညီမျှသည့် ယာယီအစိုးရ အကြံပေးအရာရှိချုပ်ကမူ ဘင်္ဂလားဒေ့ရှ်နှင့်မလေးရှားတို့အကြား နီးကပ်သည့်ဆက်ဆံရေးကို အလေးပေးကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ဘနားမား


LEAVE A REPLY

Please enter your comment!
Please enter your name here