(၃) ရက်ဆက်တိုက် မိုးရွာသွန်းလာနိုင်သည့်အတွက် ဒေသအချို့တွင် မိုးလေဝသဖြစ်စဉ်များကို သတိပြုရမည်

0
395

ယနေ့ သြဂုတ် (၃၀)ရက်မှ စက်တင်ဘာ (၁)ရက်အထိ မိုး (၃) ရက်ဆက်တိုက် ရွာသွန်းလာနိုင်သည့်အတွက် ဒေသအချို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်းများ ထပ်မံသတိပြုရန် မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ မိုးလေဝသစင်တာ၏ သတိပေးထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း (low pressure Area) လေ ဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်ပြင်၌ မုတ်သုံလေအားပြန်ကောင်းလာမှုကြောင့် လာမည့် (၃) ရ က်အတွင်း မိုးဆက်တိုက် ရွာသွန်းလာနိုင်ကြောင်း ထုတ်ပြန် အသိပေးထားခြင်း ဖြစ်သည်။

ထို့ပြင် နောက် (၂၄)နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၊ မုတ္တမပင်လယ်ကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှာက် လေပြင်းတိုက်ခြင်းနှင့်အတူ မိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်တောင်းမြစ်ရေ (တောင်ငူ၊ မဒေါက်)၊ သံလွင်မြစ်ရေ (ဘားအံ) စိုးရိမ်မှတ်ထက်ကို ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပြီး လာမည့်ရက်အတွင်း မိုးအားပြန်ကောင်းလာနိုင်သည့် အတွက် တောင်ကျရေများ ရုတ်တရက် မြစ်ထဲသို့ စီးဆင်းပြီး မြစ်ရေမြင့်တက်လာခြင်းနှင့်အတူ မြေနိမ့်ဒေသများ ရေလျှံဝင်ရောက်လာနိုင်သည့်အတွက် မြစ်ကမ်းဘေးနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း သတိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here