တိုင်ဖွန်းရှန်းရှန်း ဂျပန်ကိုဖြတ်ကျော်ဝင်ရောက်၊ ၆ ဦး‌ေ-သဆုံး

0
518
A general view shows the swollen Tsubusa river due to heavy rain brought by Typhoon Shanshan in Usa, Oita prefecture on August 29, 2024. - Typhoon Shanshan hit Japan with full force on August 29, injuring dozens as howling winds smashed windows and blew tiles off houses while torrential rains turned rivers into raging torrents. (Photo by Yuichi YAMAZAKI / AFP)

ဘက်ပူး၊ဩဂုတ် ၃၀

တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်းသည် သြဂုတ် ၃၀ ရက်တွင် ဂျပန်နိုင်ငံကိုဖြတ်၍ ဖြည်းဖြည်းချင်းဝင်ရောက်လာသောကြောင့် စံချိန်တင်မိုးရွာသွန်းမှုများဖြစ်ပေါ်ကာလမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ပြီး လူခြောက်ဦး‌ေ-သဆုံးကာ မြေပြိုနိုင်မှုအန္တရာယ်အတွက်လည်း ကျယ်ကျယ်ပြန့်ပြန့် သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။

ဆယ်စုနှစ်များစွာအတွင်း ဂျပန်နိုင်ငံသို့ အပြင်းထန်ဆုံးမုန်တိုင်းအဖြစ်တိုက်ခတ်ခဲ့သည့် ရှန်းရှန်းသည် ယခုအခါအားပျော့သွားပြီး အပူပိုင်းဆိုက်ကလုန်းအဖြစ်လျော့နည်းသွားပြီဖြစ်သော်လည်း သောကြာနေ့အစောပိုင်းအထိ လေတိုက်နှုန်း သည် ၁ နာရီလျှင် ၁၂၆ ကီလိုမီတာဖြင့်ဆက်ရှိနေနိုင်ကြောင်းခန့်မှန်းထားကြသည်။

ကျူရှုးဒေသ၌လည်း မိုးသည်းထန်မှုကြောင့် မြေပြိုကာ ၄ ဦး‌ေ-သဆုံးကြောင်းသိရသည်။လူ ၈ ဦး ပြင်းထန်ဒဏ်ရာရကာ ၇၀ ခန့်က မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး အိမ်ခြေ ၂၀၀ နီးပါးပျက်စီးခဲ့သည်ဟုလည်းသိရသည်။

ဂျပန်အာဏာပိုင်များသည်လည်း နိုင်ငံ၏ နေရာ အများအပြားတွင် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး လူငါးသန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြုထားသည်။

ဂျပန်မိုးလေဝသ ဌာန ကလည်း မြေပြိုမှူများထပ်မံဖြစ်ပွားနိုင်ကြောင်းသတိပေးထားပြီး အထူးသဖြင့်ကျူရှူးဒေသတွင် သတိထားသင့်ကြောင်း ပြောသည်။

Source : အေအက်ဖ်ပီ

A bus is seen submerged in floodwaters in Yufu city of Oita prefecture on August 29, 2024. – Typhoon Shanshan, one of Japan’s strongest typhoons in decades, dumped torrential rain across southern regions on August 29, with one person missing and authorities warning of life-threatening flooding and landslides. (Photo by Yuichi YAMAZAKI / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here